သုတေသန ပညာရှင်တွေကတော့ အခု ဖော်ပြမယ့် နေ့မှာ လက်ထပ်ပွဲ တွေ မကျင်းပသင့်ဘူးလို့ ထောက်ပြထားပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ အဲဒီနေ့ကို တကယ့် နေ့ထူးနေ့မြတ်လို့ ထင်နေကြပြီး၊ သုတေသန ပြုလိုက်တဲ့အခါမှာ အဲဒီနေ့မှာလက်ထပ်ခဲ့သူတွေရဲ့ နောင်ရေးဟာ စိတ်မချမ်းသာစရာကို ညွှန်ပြနေပါတယ်။ လက်ထပ် ဖို့အတွက် နေ့ကောင်းရက်သာ ရွေးချယ်ကြချင်းဟာ ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ တစ်ချို့က ရိုးရာဗေဒင်ပညာနဲ့ တွက်ချက်ပြီး နေ့သတ်မှတ်ကြသလို၊ တစ်ချို့ကတော့ Special Day လို့ခေါ်တဲ့ နေ့ထူးနေ့မြတ်တွေကို နေ့ကောင်းရက်သာအဖြစ် ရွေးချယ်ကြပါတယ်။ တစ်ချို့ကတော့ အမှတ်တရ...
ကျွန်ေ တာ် တို့ငယ်ငယ်က သေဆုံးသူအများစုရဲ့ သက်တမ်းတွေကိုကြည့်လိုက်ရင် ၈၀ ၀န်းကျင်တွေများပါတယ်။ နောက် ၂၀၁၀ ၀န်းကျင်ရောက်လာတော့ ၇၀ ၀န်းကျင်တွေ ဖြစ်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သေဆုံးသူအများစုကို ကြည့်လိုက်ရင် ၆၀ ကျော်ကျော်တွေသာ ဖြစ်နေတာ အားလုံးအမြင်ပါပဲ။ သက်တမ်းတွေဟာ တဖြည်းဖြည်းယုတ်လျော့လာတဲ့အနေအထားပါ။ သက်တမ်းအမြင့်ဆုံး ကမ္ဘာ့နိုင်ငံတွေက လူတွေရဲ့သက်တမ်းကတော့ ၈၀ကျော် ၀န်းကျင်မှာ ရှိပါတယ်။ အဲဒီနိုင်ငံတွေကိုကြည့်လိုက်ရင် ချမ်းသာပြီးတော့ အေးချမ်းတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဂျပန်တို့ ဆွစ်ဇာလန် တို့လိုနိုင်ငံတွေပေါ့။ သက်တမ်းအတိုဆုံးနိုင်ငံတွေက လူတွေရဲ့သက်တမ်းကတော့ နှစ် ၅၀ ၀န်းကျင်သာ ရှိတယ်။ အဲဒီနိုင်ငံတွေက...
? ကားတစ်စီးကို ကိုယ်တိုင်အမြဲပြုပြင် ထိန်းသိမ်း ချင်သူတွေအတွက် အလွယ်မှတ်သားပြီး ထိန်းသိမ်း ပြုပြင်သင့်တာတွေကို အ ဆင့်ဆင့် ဖော်ပြပေးလိုက်ပါ တယ်။ ? အလွယ်မှတ်သားနိုင်ဖို့အတွက် အင်္ဂလိပ်လို အတိုကောက် အခေါ်အဝေါ်လေးရှိပါတယ်။ အဲသည်အတိုကောက် စကားလုံးကတော့ " TOWBIF " ဖြစ်ပါတယ်။ T-Tires O-Oil W- Windows B-Brakes I-Interior F- Fluids အလွယ်မှတ်သားနိုင်ပါ တယ်။ ? T-Tires (တာယာ) အခြေခံစစ်ဆေးသင့်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကားတာယာဆိုတာက တာယာရဲ့လေဖိအား၊ တာယာရဲ့အခြေအနေကို ကားမမောင်းခင်နေ့စဉ် စစ်ဆေး ပေးသင့်တဲ့အချက် ဖြစ်ပါတယ်။ ✨ ကားတာယာ လေဖိအားကို နေ့စဉ် စစ်ဆေး သင့်တဲ့အပြင် တာယာရဲ့ ပန်း၊ ထိခိုက်ဒဏ်ရာ...
၁၉၈၀ ခုနှစ်လယ်များတွင် မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို အသွင်တမျိုးဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ အနုပညာသက်တမ်း ၁၈ နှစ်တာကာလအတွင်း တကိုယ်တော် အယ်လ်ဘမ် ၁၄ ခုထိ ထုတ်လုပ်ခဲ့ပြီး သူ၏ အနုပညာလက်ရာများသည် မြန်မာပရိသတ်များကြားတွင် ယနေ့တိုင် လွှမ်းမိုးနေဆဲပါ။ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန်ဖြစ်သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ ၊ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်⁠သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာမိကွန်ထော...
လွန်ခဲ့သော နှစ် ၆ဝခန့်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂရက်ဂရီပက် (Gregory Peck) နှင့် The Purple Plain ခေါ် ခရမ်းရောင်လွင်ပြင်ဇာတ်ကား၌ ပါဝင်သ ရုပ်ေ ဆာင်ရိုက်ကူး၍ တစ်ကားတည်းနှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသော မြန်မာ့ ရုပ်ရှင်မင်းသမီးကလေးမှာ အခြားသူမဟုတ် ပဲခူးသူ ဝင်းမင်းသန်းဖြစ်သည်။ ထိုစဉ်က အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုထုတ် သတင်းစာအသီးသီးက ဗမာ့ အမျိုးသမီးကလေး ဝင်းမင်းသန်း၏ ကျက် သရေရှိလှေ သာ မြန်မာဆန် ဆန်အလှနှ င့် လေးစားအတု ယူဖွယ် မြန်မာ့ယဉ်ကျေးမှုစောင့်...
မြတ်စွာဘုရား ဟောထားတာကတော့ …. လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့… မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။ မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင် နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့ နေတာကို ပျင်းတယ်လို့ပြောတာနော်။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။ နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး။ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး။ အပျော်အပါးတွေကို အမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။ နံပါတ်(၃)က အနုဋ္ဌာန –...
ဘုန်းကြီးကျောင်း တွင်း ဖိနပ်စီးခြင်း။ လူငယ်များအတွက် ယခုပို့စ်လေးက အကျိုးရှိမည်ထင်ပါသည်။အထက်ဖော်ပြပါ ခေါင်းစဉ်နဲ့ပတ်သတ်၍ ဗုဒ္ဓဘာသာလူမျိုးများ၌ အတော်လေးကို သံသယဖြစ်နေကြပေသည်။ ရှေးရှေးသော လူကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ် မစီးနဲ့ ဗိမ္ဗိသာရမင်းကြီးကဲ့သို့ ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရမယ်ဆိုပြီး ပြောဆိုခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးရဲကြပေ။ သို့သော် ဗိမ္ဗိသာရမင်းသည် အဘယ့်ကြောင့် ခြေဖ၀ါးကို ဓါးနဲ့အခွဲခံရသည်ကိုတော့ သေချာကျနစွာ သိရှိနားလည်သူက နည်းပါးပေသည်။ တကယ်တော့ ဗိမ္ဗိသာရမင်းသည် ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖိနပ်စီးခဲ့၍ ခြေဖ၀ါးကို ဓါးဖြင့်ခွဲခံရခြင်း မဟုတ်ပါပေ။ ဘုရားစေတီတော်ရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ပြင် ဗိမ္ဗိသာရမင်းသည်...
ယခု Post ဟာ မျက်လှည့်ပြနည်းတွေရဲ့ လျိုဝှက်ချက် အတိအကျကို ပြောပြထားတာ မဟုတ်ဘဲ မျက်လှည့်ပြကွက် အချို့ရဲ့ နောက်ကွယ်က ပြုလုပ်ပုံ သဘောတရားပိုင်းကို သာ နားလည်စေရန် ဖြစ်ပါတယ် ၁။ လူနှစ်ပိုင်းဖြတ်ပြခြင်း မျက်လှည့်ပညာရှင်တွေဟာ သူတို့ရဲ့လက်ထောက်တွေကို နှစ်ပိုင်းဖြတ်ပြတာဟာ လွန်ခဲ့တဲ့ရာစုနှစ်တွေထဲကပါ။ တော်တော်များများကတော့ ဓားအကြီးကြီးတွေကို အသုံးပြုကာပြသကြပါတယ်။ အခုတော့ခေတ်မီလွှစက်တွေကိုအသုံးပြုကြတာပေါ့။ ဖြတ်ပြီးပြီဆိုတာနဲ့ တစ်ဖက်မှာခေါင်း တစ်ဖက်မှာ ခြေထောက်ဖြစ်နေတာကိုခွဲခြားမြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေ အံ့သြကြမှာ အမှန်ပါ။ တကယ်တော့ လူနှစ်ယောက်ဖြစ်ပြီးတစ်ယောက်ကခြေထောက် တစ်ယောက်ကဦးခေါင်းကို ပြသထားတာပဲဖြစ်ပါတယ်။ ၂။ စာရွက်ကို ခဲတံနဲ့ဖောက်ပြခြင်း ဒေးဗစ်ကိုပါဖီးပြခဲ့တဲ့ဒီအကွက်ဟာလည်း ရိုးရှင်းစွာလှည့်စားမှုတစ်ခုပါ။ ခဲတံကို...
ခေါင်းဆေးကျွန်း နတ်ရေတွင်း နှင့် ရှေးဘုရင်များ ခေါင်းဆေးကျွန်းသည် မော်လမြိုင်မြို့ နှင့် မုတ္တမအကြား သံလွင်မြစ် အထ္ထရံမြစ် ဂျိုင်းမြစ် ဒုံသမိမြစ် ဟောင်သရောမြစ် (စန္ဒရောမြစ်) စသည့် မြစ် ၅ ခုတို့စီးဝင်ပေါင်းစုံရာ သို့မဟုတ် သံလွင် အထ္ထရံ ဂျိုင်း ဒုံသမိ မြစ် ၄ စင်း မှ ပင်လယ်သို့ စီးဝင် ပေါင်းဆုံရာ မြစ် ၅ ပွင့်ဆိုင်တွင် တည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။ ခေါင်းဆေးကျွန်းကို ရှေးအခါက အောင်မြေကျွန်း ပတ္တမြားကျွန်း ရတနာကျွန်း မြစ်ဦးခိုက်ကျွန်း ပဒေသာကျွန်း အဗန္ဓရကျွန်း ငွေယားကျွန်း သိုက်ပေါင်းစုံကျွန်း သင်္ကြန်ကျွန်း ပွန်စလိုင် ခေါင်းဆေးကျွန်း ကျီးကျွန်း (crow island) ဟူ၍ အမည်အမျိုးမျိုးဖြင့်ခေါ်ခဲ့ကြသည်။ ရှေးအခါက မွန်ဘုရင်အဆက်ဆက်သည် ခေါင်းဆေးကျွန်း အနောက်နောင်အရပ် စနေထောင့်ရှိ နတ်ရေတွင်းမှ ရေဖြင့်...
0FansLike
0FollowersFollow
9,209SubscribersSubscribe
- Advertisement -

Recent Posts