ကမ္ဘာ့အဆင့်မှာ မြန်မာအိုင်ဒေါဝင်းနားအဖြစ် မှားယွင်းဖော်ပြခြင်းခံခဲ့ရတဲ့ ပိုးမီ

0
13927




Video ကြည့်ရန်

Source -myanmarload

[ Unicode ]

မြန်မာအိုင်ဒေါ (2) မှာ ယှဉ်ပြိုင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ် ။ သူမနာမည်ကတော့ ပိုးမီပါ ။ ကိုယ်ပိုင်သီချင်းတွေကို ကိုယ်တိုင်ရေးသားစပ်ဆိုပြီး အောင်မြင်မှုတွေရရှိအောင် ကြိုးစားနိုင်ခဲ့တာကလည်း သူမရဲ့ ကံနဲ့ စန်းပါဘဲ ။ ကြိုးစားမှုတွေကို အသိအမှတ်ပြုခံရတာလားမပြောတတ်အောင် ပိုးမီအတွက် ဖြစ်ရပ်လေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နှစ်အလိုက်ကမ္ဘာအနှံ့ကwinner ရတဲ့လူတွေကိုဖော်ပြတာထားတဲ့ Youtube ရဲ့ စာမျက်နှာတစ်ခုရှိပါတယ် ။ ဒါကတော့ Idol Global ဆိုတဲ့ Youtube စာမျက်နှာတစ်ခုပါ ။ မြန်မာအိုင်ဒေါအပါအဝင် ကမ္ဘာအနှံ့က Idol ပြိုင်ပွဲဝင်ဆုရရှိသူတွေက်ကို Idol Gloal ကနေ နနှစ်စဉ်ဖော်ပြလျက်ရှိရမှာ ..2017 winnerဖြစ်တဲ့ သားငယ်ကို ဖော်ပြရမယ့်အစားပိုးမီကို Winner အဖြစ် မှားယွင်းဖော်ပြထားတာကို အံ့သြစရာတွေ့ရပါတယ်။ 2017 idol winner from around the world လို့ ရေးသားထားတဲ့အထဲမှာ ပိုးမီပါဝင်လာခဲ့တာပါ ။ ပိုးမီတစ်ယောက် ယုံကြည်ရာသီချင်းနဲ့ ဖျော်ဖြေခဲ့တာကို Idol Winner တစ်ယောက်အဖြစ်ဖော်ပြထားတာပါ ။ 2016 ခုနှစ်အတွက် Idol winner အဖြစ် စောလထော်ဝါးကို ဖော်ပြထားတာကိုလည်း တွေ့ရပါသေးတယ်

ဒီကိစ္စနဲ့ ပတ်သက်ပြီးကာယကံရှင် ပိုးမီနဲ့ သားငယ်တို့အကြားမှာတော့ အငြင်းပွားမှုတစ်စုံတစ်ရာကို မတွေ့ရသသေးပါဘူး ။ မူရင်း ဗီဒီယို တင်ထားတဲ့ စာမျက်နှာပေါ်မှာတော့ ပိုးမီအတွက် ဂုဏ်ယူနေကြသူ အများအပြားရှိသော်လည်း သားငယ်လို့ မှားယွင်းဖော်ပြတဲ့အတွက် ဝေဖန်ထောက့်ပြသူ အနည်းငယ်သာရှိနေတာကို လည်း အံ့သြဖွယ်ရာတွေ့ရပါတယ်။ ပရိသတ်ကြီးရေ ဘယ်လိုပင်ဆိုစေကာမှု ပိုးမီ နဲ့ သားငယ်တို့ဟာ လက်ရှိမှာအောင်မြင်နေကြပြီးနေရာအသီးသီပိုင်ဆိုင်ထားတာဖြစ်လို့ သူတို့အတွက် မှတ်ချက်လှလှလေးရေးပေးဖို့မမေ့နဲ့နော်။

Video ကြည့်ရန်

Source -myanmarload