Moekalay
Unicode
သရုပ်ဆောင် မင်းသမီး ဘေဘီမောင်ဟာဆိုရင် သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ သူလေးပါ။သူမရိုက်ကူးထားတဲ့ ဇာတ်ကားများစွာရှိတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။ Photo မော်ဒယ်လ် အဖြစ်အနုပညာလောကထဲဝင်ရောက်လာချိန်တည်းက လူသိများလာတဲ့ သူမက ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။သူမရဲ့ ကောက်ကြောင်းအလှကြောင့်လည်း ပုရိသတွေကြားမှာ နာမည်ကြီးသူပါ။ ဒီတစ်ခာမှာတော့ ဘေဘီမောင်က ဖြိုးမြတ်အောင်ရဲ့ Live Video အောက်မှာ Comment ၀င်ပေးထားတာကြောင့်နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဘေဘီမောင်ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြိုးမြတ်အောင်က ဘုရားထီးတင်မယ့်အကြောင်းနဲ့ တစ်ခြားပျက်စီးယိုယွင်းနေတဲ့နေရာတွေပြင်ဖို့ရှိတဲ့အတွက် နောက်ထပ် အလှူရှင်တွေလိုအပ်နေတယ်ဆိုတဲ့ Live Video အောက်မှာ သူလည်းပါ၀င်လှူမယ်ဆိုပြီးပြောထားတဲ့ comment တွေကြောင့်ပရိသတ်တွေကြားမှာနာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
ဘေဘီမောင် က Myanmar Idol Season 3 ပြိုင်ပွဲအစကတည်းက ဖြိုးမြတ်အောင်ကို အားပေးတဲ့ အမာခံပရိသတ်တစ်ဦးပဲ ဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ကို အမှန်အကန်အားပေးခဲ့သူလေး
သရုပ်ဆောင် ဘေဘီမောင်ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရှု့ပေးတဲ့ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်နော်။
Moekalay
Source;phyo myat aung’s facebook